ကံကြီးထိုက်သူ စ/ ဆုံး ( ဖြစ်ရပ်မှန် )



တစ်နေ့သော်နံနက် ၁၁နာရီ အချိန်ခန့်တွင်  မယားဖြစ်သူ

မအေးက ဆွမ်းတော်တင်နေသည်ကို  လင်ဖြစ်သူ

ကျော်ကြီး  က အိပ်ရာထဲမှ  လှမ်းမြင်လိုက်သည်

သူ့စိတ်ထဲတွင်  ဘုရားကို  မနာလိုအူတိုသွားသည်

သူ့မိန်းမ  လုပ်ပုံကိုင်ပုံကို   အလိုမကျဖြစ်ပြီး

အကြီးအကျယ် ဒေါသထွက်နေသည်

ခဏနေ  အိပ်ရာထဲမှ  လူးလဲထလိုက်ကာ

နံရံနံဘေးရှိ  ဓားမ ကြီးကို  ကောက်ကိုင်လျက် မအေး

ဘုရားဆွမ်းတော် တင်နေသည့်  နေရာသို့

လာရောက်ပြီး

" ဟဲ့-----ဘုရားဖြစ်မယ့်အုတ်နီခဲမ  နင်က နင့်ဘုရား

ကိုပဲ  အလေးထားတယ်  ငါ့ကျတော့လုံးဝ  ဂရုမစိုက်ဘူး

ငါမျက်နှာမသစ်ရသေးဘူး   Iသွား- - - ---အရက်တစ်လုံး

သွားဝယ်  ငါကိုယ်တော်အရက်နဲ့  မျက်နှာသစ်တော်မူမယ်

ဟု  ကျော်ကြီးက မအေး ကို  ဓားမကြီးဖြင့်

ရွယ်ပြီး  ငေါက်ငန်းခိုင်းစေလိုက်သည်

မအေးက  ကျော်ကြီး  အပြုအမူ  ကို ကြောင်အမ်းအမ်း

နှင့်ပြန်လည်ကြည့်စဉ်   ကျော်ကြီးက  မျက်ထောင့် ကြီး

နီလာလျက်

""ငါ့ကို  ဘာကြောင်ပြီး  ကြည့်နေတာလဲ  

အရက်သွား  ဝယ်ဆို   နားမပါဘူးလား

သောက်ပင်းမl  ငါဓားနဲ့  ခုတ်သက်လိုက်ရ lတယ်-----"

မအေး  ရွာထဲမှာ  အရက်သွားဝယ်နေစဉ်

ကျော်ကြီးတစ်ယောက်  ဘုရားစင်သို

မျက်နှာမူလျက်

ဘုရားစင်၌ ကပ်ထားသော်

ကြက်သားဆီပြန်ဟင် ကို  ကြည့်ရင်

သွားရည်  တမြားမြား ကြနေလေသည်

ယင်းနောက်ဘုရား ဆင်းတုတော်ကို စိမ်းစိမ်းကြီးစိုကြည့်လျက်

""အံမယ်     ဘုရားက  ငါ့ထက်တောင်တန်ခိုးကြီးနေပါလား

ဘုရားက  ကျောက်ရုပ်ကြီးပါကွာဟု

ပြောရင်းဘုရားကိုကပ်ထားသော်

ကြက်သားဟင်း   တစ်တုံးကို   ယူစားလိုက်လေသည်

ပြီးနောက်   ဟာ    ဘုရားကလည်းကွာ

ဆင်းရဲလိုက်တာ     လက်သုတ်ပါဝါတောင်မရှိဘူးဟု

စိုကာ   အိမ်းတွင်းမင်းမဟာ   ဂီရိနက်မင်းကို   ပသထားသော

လိုက်ကာအနီရောင်ပိတ်စကို  ယူကာ   လက်ကိုသုတ်လိုက်လေသည်

ကျော်ကြီးမှာ     ညက  သောက်ထားသော  အရှိန် မပြေသေးသောကြောင့်

ခေါင်းထဲ  ရီဝေနေသည်   

နက်အုန်းသီးကြီးကို   မျက်လုံးပြူးကြီး  နှင့်စိုက်ကြည့်လျက်

''အံမယ်  နက်စုတ်    နက်ပဲ့  နင်ကငါ့ကို

ဘာကောင်မှတ်နေလဲ   ငါ့အကြောင်း သ်မယ်ဟုစိုကာ

ပသထားသော      နက်အုန်းသီးတွေကို   ကြမ်းပြင်ပေါသို့

ကန်ချလိုက်လေသည်

တစ်ခါကျော်ကြီးတစ်ယောက်   မူးကြောင်ကြောင်နဲ့

ဘုရားဆင်ပေါသို     ခ်ုန်တတ်လိုက်လေသည်

ဟား   ဟား   ဟား  ဟား   ငါလည်းဘုရားဘဲကွ


ဟုပြောရင်း  သူ့ကို  သူ သဘောတွေကြနေလေသည်

မအေး   အရက်ဝယ်ပြီးပြန်ရောက်လာသည်

"အလိုတော်   ဘယ်နှယ့်   ဖြစ်နေတာတုန်း

မိုးကြိုးတွေတော့   ပြစ်ကုန်တော့မှဘဲ   ကိုယ်ကျော်ကြီးရယ်

ဘုရားဆင်ပေါက  ဆင်းပါတော်

""ကြောက်မနေပါနဲ့   မိအေးရယ်  ငါလည်းဘုရားဘဲကွ

အောက်ကို ဆင်းစရာမလိုဘူး   အရက်ပုလင်းသာ

ပေးစမ်းပါ   မပေးရင်  နင့်လည်ပင်း ပြက်ပြီသာမှတ်  ဟု

ကျော်ကြီးက   မအေးကို  ဘုရားစင်ပေါက   ဓားမကြီးဖြင့်

ချိန်ရွယ်  ခြိမ်းခြောက်လိုက်လေသည်  

ပေးပါ့မယ်   ကိုကျော်ကြီးရယ်    ခဏနေဆင်းပါနော်

ဟု   မအေးက   ခြေတုန်လက်တုန်နဲ့  ကျော်ကြီးစီသို့

အရက်ပုလင်းကို  ကမ်းပေးလိုက်လေသည်

ကျော်ကြီးလည်း    အရက်ပုလင်းကို   မော့ပြီး ကြက်သားတုန်း

ကို   ယူရန်  လက်လှမ်းလိုက်စဉ်     သူ့တစ်ကိုယ်လုံး

မာမာတောင့်တောင့်ကြီး  ဖြစ်သွားကာ   လှုပ်လို့မရတော့

ကျောက်ရုပ်ကြီး   သဖွယ်ပင်  သူ့ခန္ဓာယ်ကိုမှာ

ဇောချွေးတွေပြန်လာကာ   အသက်ရှုလည်း   မွန်းကြပ်လာပြီး

အသံတွေ  ကတုန်ကယင်ဖြင့်-  -   -   -   -   -

"မိအေး  ငါဘယ်လိုဖြစ်တာတုန်း   ငါ့တစ်ကိုယ်လုံး

လည်းလှုပ်လို့မရတော့ဘူး   ဟုစိုကာ

ထစ်ထစ်ငေါ့ငေါ့    အသံဖြင့်   ရွာထဲရှိ  ဆေးထိုးဆရာကို

သွားခေါခိုင်းလေသည်

ဆေးထိုးဆရာ   ရောက်ရောက်ခြင်း   ဘုရား    ဆင်ပေါက

ကျော်ကြီးကို   ဘုရားဆင်အောက်သို့   ပွေ့ချီပြီး

ဆေးထိုးမည်ပြု  ရာ   ကျော်ကြီးမှာ   အသက်သေဆုံးနေပြီ

ဖြစ်ကြောင့်း  ကြောက်မက်ဖွယ်ရာ   တွေ့မြင်လိုက်ရလေသည်

ပြီးပါပြီ

အရေးအသား မကောင်းတဲ့မတွက်တောင်းပန်ပါတယ်

ပညာရှင်မဟုတ်ပါ    ဝါသနာရှင်  သာဖြစ်ပါသည်

စာဖက်သူများကို   အစဉ်လေးစားလျက်

   စာရေးသူ = = >  မင်းနောင် ( ဧရာဝတီ )