သေသောသူနှင့်ခဏတာတွေ့ဆုံရခြင်း ( ကိုယ်တိုင်ရေး ဖြစ်ရပ်မှန်)


တစ်နေ့ည ၁၀နာရီလောက်က ကျွန်တော်စီကို ဖုန်းဝင်လာခဲ့တယ် ကျွန်တော်ဖုန်းကို စကိုင်လိုက်တယ်ဆိုရင်

ဘဲ ကျွန်တော်နားထဲ ကို ထိန်လန့်ခြောက်စွာပြောသောစကားသံကို အငယ်ကောင်ရေ

မင်းအမေဆုံးပြီကွ့ ဘာ ငါအမေဆုံးသွားပြီဟုတ်လား

ဟုတ်တယ်ခုနကဘဲ 

ကျွန်တော်ပါးပြင်ပေါသို့  မျက်ရည်တွေ တသွင်သွင် စီးဆင်းလာခဲ့တယ်  ကျွန်တော်တိုးတိုးလေးပါးစပ်က

ရေရွတ်လိုက်မိသည် အမေရယ်သားကို ခွဲသွားပြီလား

အမေပြောတော့ သားကို အရမ်းချစ်တယ်စို့

အခုတော့အမေက သားကို တကယ်မချစ်လို့ခွဲသွားတာလားအမေရယ် လို့ပြောရင်း

ကျွန်တော်ရှုံးပွဲချ ငိုလိုက်မိသည်

ဒီလိုနဲ့ တစ်နေ့ထက်တစ်နေ့ ကျွန်တော့်ရဲ့ရင်ထဲမှာ

ခံစားချက်တွေပြင်းထန်း လို့လာလေသည် ကျွန်တော်ဘယ်လို့မှ ထိန်းလို့မရတော့တဲ့အဆုံးမှာ

ကျွန်တော်လောကကြီးကို ခဏတာ မေ့ပျောက်လိုက်ချင်မိသည်

ကျွန်တော့်ခေါင်းထဲမှာ အရာတစ်ခုကို စဉ်းစားလိုက်မိသည်        ကျွန်တော် ဟုတ်တယ် ငါလောကကြီးကိုမေ့လိုက်တော့မယ်
စိုပြီး ကျွန်တော် တစ်သက်နဲ့ တစ်ကိုယ် 

တစ်ခါမှမသောက်ဘူးတဲ့ grand Royal အရက်တစ်ပြားကို ရေရောပြီး ကျွန်တော်မော့သောက်လိုက်သည်

ကျွန်တော့်ခံစားရ တဲ့ဝေဒနာ တွေပိုဆိုးလာခဲ့တယ် ကျွန်တော်အမေ့ကို သတိရလာတယ်
ကျွန်တော် အမေ့ကိုတွေ့ချင်လာခဲ့တယ် ကျွန်တော်အမေ့ကို အရမ်းလွမ်းလာမိသည်
ကျွန်တော်အော်ပြောလိုက်သည်  အမေ့ ရေး

သားရှိကို ပြန်လာပါတာ့ လိုပြောရင်းငိုနေမိသည်

ကျွန်တ်ာအမေ့ကို တွေ့ချင်လာတာနဲ့ ကျွန်တော် ရွာက 
သင်္ချိုင်းကုန်းကို  ကျွန်တော်တစ်ယောက်ထဲ လျောက်လာလိုက်လေသည်

ကျွန်တော် အော်ပြောလိုက်သည်  အမေရေ့း့ သားအမေ့စီကို လာပြီ  အမေသားကို လာတွေပါဦးအမေရယ်

လိုပြောရင်း ကျွန်တော် ဘေးနားက အုတ်ဂူ တစ်ဂူ

ပေါကိုလှဲ ချလိုက်သည် ကျွန်တော်မျက်ရည်တွေကလည်း
တသွင်သွင် စီးကြနေသည်
ခဏနေတော့   ကျွန်တော် အုတ်ဂူ ပေါမှာ

အိပ်ပျော်သွားခဲ့သည်  ကျွန်တော့်နားထဲမှာ
အသံတစ်သံကို ကြားလိုက်သည်  လူလေးမင်းမပြန်သေးဘူးလား 

ကျွန်တော်မပြန်သေးဘူးဗျာ  ကျွန်တော်အမေ့ကိုတွေ့ချင်

လို့ဗျ

ကဲဒါစိုလည်း ငါ့နောက်လိုက်ခဲ့ 
ကျွန်တော်မယောင် မလည်နဲ့ ထိုလူကြီးနောက်ကိုလိုက်လာခဲ့သည်

ကဲလူလေး တွေ့ချင်တဲ့ လူလေးအမေဟိုမှာ ရပ်နေတယ်
ကျွန်တော်လှမ်းကြည့်လိုက်သည် 
အမေ့က  ကျွန်တော်ကို ပြုံး ပြနေတယ်ဗျ
ဘေးနားမှာလည်း ကျွန်တော့်အစ်ကိုကြီး

်ကျွန်တ်ာအမေ့ကို ပြေးဖက်လိုက်သည်

အမေရယ်သား ကို ချစ်တယ်စို ဘာလို့ ခွဲသွားတာလဲ သားသေတော့မယ် အမေ့ကိုလွမ်းလို  
သားရယ်  တကယ်တော့သားကို အမေက မခွဲသွားချင်ပါဘူး

သားကို အမေချစ်ပါတယ် ဒါပေမဲ့ သားရယ် လောကကြီးက

သားဖြစ်ချင်တာတွေကိုတော့ ဘယ်ဖြစ်ခွင့်ပေးမလဲ သားရယ်

သားဘာဖြစ်လို့  အရက်တွေ  သောက်နေတာလဲ သားအမေ့ကို သတိရတာတွေကို မေ့ဖျောက် ချင်လို့ပါ

အမေရယ် အော်သားရယ် သားက အခုမှ၁၇နှစ်ဘဲရှိသေးတာ

အရက်တွေမသောက်ပါနဲ့ သားရယ်  သားအမေ့ကို ချစ်ရင်
အရက်တွေထပ်မသောက်နဲ့တော့နော် ကြားလား
ငါ့သား ဟုတ်ကဲ့အမေ သားမသောက်တော့ပါဘူး

နောက်ဆို လိမ်မာ ပါတော့မယ် 
လို့ပြောရင်း  အမေ့ကို တင်းကျပ်စွာ
ဖက်ထားလိုက်မိသည်

သားနောက်နေ့ကို မလာ ပါတော့နဲ့သား

သားလား လည်းအမေ့ကို့တွေ့ရတော့မှာမဟုတ်ဘူးသား
ဟုတ်ကဲ့အမေ  
လို့ပြောရင်း 
ကျွန်တော် လောကကြီးကို အော်ပြောလိုက်သည်

ငါ- - - - - - - - ငါအမေ့ကို  တွေ့ခွင့်ရပြီကွ
ကျွန်တော့်ဘဝမှာ  ဒီနေ့သည်  အပျော်ဆုံးနေဖြစ်သည်

ကျွန်တော့်လောက်ပျော်မယ့်  လူလောကြီးမှာ
ရှိမယ်လို့တောင်  ကျွန်တော် မထင်ပါဘူး

သားရေ အိမ်ကိုကောင်းမွန်ပြန် နော် 

သား လိမ်လိမ်မာမာနေနော်  ဟုတ်ကဲ့ပါအမေလို့ပြောရင်း

အမေနဲ့  ကျွန်တော်အစ်ကိုကြီး  
ကလက်ပြနှုတ်ဆက်ပြီး  တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်

ဒုတိယ တစ်ကြိမ် ကျွန်တော်နားထဲကို
အသံတစ်သံကြားလိုက်သည်  လူလေး အိမ်မပြန်သေးဘူး

လား ညနေ ၅နာရီတီးတော့မယ်  
ဟုတ်ကဲ့ပြန်ပါတော့မယ်ခင်ဗျာ  လို့ပြောရင်း

ကျွန်တော် အိမ်ကို  ယိမ်းယိုင်  သော

ခြေလှမ်းများနဲ့ ပြန်လာခဲ့သည်

(တကယ်တော့ လောကကြီးမှာ  ဒီလိုဝေဒနာကို ခံစားရတာ

ကျွန်တော်တစ်ယောက်ထဲမဟုတ်ဘူးစို တာ ကျွန်တော်နားလည်သွားပါပြီ)

အခု = အမေ့ရဲ့သား    (အငယ်ကောင်)လိမ်မာနေပါပြီအမေရယ်

ကိုယ်တွေ့ဇာတ်လမ်းအား   ဖက်ပေးကြသော

သူငယ်ချင်းများအား  

(အစဉ်လေးစားလျက်)

                    စာရေးသူ = = > မင်းနောင် ( ဧရာဝတီ)